System Administrator တွေ တွေ့ကြုံရမယ့် User အမျိုးအစား ၅ မျိုး
၁။ The Knowledgeable Ally Mythical unicorn တွေလိုပဲ ရှားပါးမျိုးစိတ်ပါ။ တွေ့ရမြင်ရခဲပါတယ်။ Technical concept တွေကို သူတို့နားလည်သလို သူတို့ ဘာကို မသိဘူးဆိုတာလဲ သေချာသိပါတယ်။ သင်လုပ်နေတဲ့ အလုပ်ကို မဆိုင်လို့ ဒါမှမဟုတ် မသိလို့ဝင်မလုပ်တာ။ ကျန်တာကိုတော့ သေချာ သိကြတဲ့သူတွေပါ။ သူတို့ကို ပြဿနာနဲ့ပါတ်သက်ရင် ဘာ့ကြောင့်ဆိုတာ ပြောပြ ရှင်းပြလိုက်ရင်ရပါပြီ။ ၂။ The Loud, all-knowing “Expert” ဗန်းစကားအရ ပြောရရင် “စစရက” ကြီးတွေပါ။ system administrator တွေအတွက်ကတော့ “သပသန” ကောင်တွေ ကံဆိုးစေတဲ့ မကောင်းဆိုးဝါးတွေပါ။ ဒီလို user တွေက ကြားဖူးနားဝ တွေနဲ့ အရာရာသိပြီး တကယ်တမ်း သူတို့ပြောနေ သိနေတာတွေက ဘာလဲဆိုတာကို မသိတဲ့သူတွေပါ။ သူတို့က ညှိနှိုင်းဆွေးနွေးလို့ရမှာ မဟုတ်သလို ပြိုင်ဆိုင်ငြင်းခုံနေလို့လဲ ရမှာမဟုတ်ပါဘူး။ ပညာရှိတစ်ယောက်ပြောခဲ့ဘူးသလို “ သောက်ပိန်းတွေကိုအမှန်တရားနဲ့ ရှင်းပြလို့ မရနိုင်ပါဘူး”။ တစ်ခါတစ်လေ သူတို့ကို ပေးသာလုပ်လိုက်ပါ သူတို့ လုပ်လို့မရရင် အရမ်းခက်ခဲတဲ့ ကိစ္စ အနေနဲ့ သတ်မှတ်မှာ ဖြစ်ပြီး သင်ဆွေးနွေး လုပ်ဆောင်ဖို့ အခွင့်အရေး ရသွားပါလိမ့်မယ်။ ၃။ The Dictator Executive ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အကောင်ကြီးကြီး အမြှီးရှည်ရှည်တွေက ဒီအမျိုးအစားထဲပါဝင်ပါတယ်။ သူတို့နဲ့တွေ့ရင်တော့ ကြီးနိုင်သမျှ ကြီးကြီး စကားလုံးတွေ ရှာထားပြီး သူတို့ နည်းလမ်း အတိုင်း